
“ လွတ်လပ်ခြင်းရဲ့ ကြယ်တစ်ပွင့်”
ကြယ်တွေစုံတဲ့ည ကို လွမ်းတယ် ...
ဗလာသက်သက် နက်မှောင်နေတဲ့
ကောင်းကင်ကိုတွေ့မှ ...၊
ကြယ်တွေစုံတဲ့ည ကို လွမ်းတယ် ...
ဗလာသက်သက် နက်မှောင်နေတဲ့
ကောင်းကင်ကိုတွေ့မှ ...၊
ကြယ်တွေ တည်ရှိခြင်းရဲ့
သာယာဝေစည်ခြင်း ကို နားလည်တယ် ။
၁၉၄၇ မှာပေါ့ ...
ကောင်းကင်ရင်ခွင်မှာ ..
အစောဆုံး ကြွေလွင့်သွားတာ ...
အစားထိုးမရနိုင်တဲ့
လမ်းပြကြယ်တစ်ပွင့် .. ပါ ။
လင်းနိုင်သလောက် လင်းပေးဖို့ ..၊
ဖယောင်းတိုင်လို
သူ့ဘ၀ ... ရပ်တည်ပေးခဲ့ တယ်။
သမိုင်းကြောင်း မတိမ်းစောင်းဖို့
စိတ်ဓါတ်တွေ သွေးပေးရင်း ..
သူ့အနာဂတ်တွေ လုံးပါးပါးသွားတဲ့
ဓါးသွေးကျောက်တစ်တုံး ... လား ။
သေချာတာကတော့...
သူချစ်တဲ့ လူမျိုးရဲ့ သမိုင်းကြောင်းမှာ
သူ့သမိုင်းဟာ ..
ရွှေမှုန်လို လက်နေတုန်း .. ပါ ။
ခုတော့ ..
အနာဂတ်ရဲ့ ကြယ်ကလေးတွေ ..နဲ့
ကောင်းကင်ယံမှာ ..လင်းလက်လို့
မြေပြင်ကို ငြိမ်းချမ်းခြင်းအရိပ်ဆင်နိုင်ပြီ ။
လွတ်လပ်ခြင်းရဲ့ အနှစ်သာရကို
ဖြန့်ဝေပေးခဲ့တဲ့ ..လမ်းပြကြယ်ရေ ...၊
ပေးဆပ်မှုနဲ့ မပျော်ရတဲ့
လွတ်လပ်အေးချမ်းတဲ့ဘုံမှာ ...
ဇန်န၀ါရီ (၄) ရဲ့ ...
လွတ်လပ်ရေးအောင်ပွဲအသံတွေ နားဆင်ရင်း
ထာဝရ အပြုံးတွေဝေပါစေ ။ ။
"မြန်မာပြည်၏ လွတ်လပ်ရေးအောင်ပွဲ နှင့် ဗိုလ်ချုပ်အောင်ဆန်းသို့ အမှတ်တရ "
သာယာဝေစည်ခြင်း ကို နားလည်တယ် ။
၁၉၄၇ မှာပေါ့ ...
ကောင်းကင်ရင်ခွင်မှာ ..
အစောဆုံး ကြွေလွင့်သွားတာ ...
အစားထိုးမရနိုင်တဲ့
လမ်းပြကြယ်တစ်ပွင့် .. ပါ ။
လင်းနိုင်သလောက် လင်းပေးဖို့ ..၊
ဖယောင်းတိုင်လို
သူ့ဘ၀ ... ရပ်တည်ပေးခဲ့ တယ်။
သမိုင်းကြောင်း မတိမ်းစောင်းဖို့
စိတ်ဓါတ်တွေ သွေးပေးရင်း ..
သူ့အနာဂတ်တွေ လုံးပါးပါးသွားတဲ့
ဓါးသွေးကျောက်တစ်တုံး ... လား ။
သေချာတာကတော့...
သူချစ်တဲ့ လူမျိုးရဲ့ သမိုင်းကြောင်းမှာ
သူ့သမိုင်းဟာ ..
ရွှေမှုန်လို လက်နေတုန်း .. ပါ ။
ခုတော့ ..
အနာဂတ်ရဲ့ ကြယ်ကလေးတွေ ..နဲ့
ကောင်းကင်ယံမှာ ..လင်းလက်လို့
မြေပြင်ကို ငြိမ်းချမ်းခြင်းအရိပ်ဆင်နိုင်ပြီ ။
လွတ်လပ်ခြင်းရဲ့ အနှစ်သာရကို
ဖြန့်ဝေပေးခဲ့တဲ့ ..လမ်းပြကြယ်ရေ ...၊
ပေးဆပ်မှုနဲ့ မပျော်ရတဲ့
လွတ်လပ်အေးချမ်းတဲ့ဘုံမှာ ...
ဇန်န၀ါရီ (၄) ရဲ့ ...
လွတ်လပ်ရေးအောင်ပွဲအသံတွေ နားဆင်ရင်း
ထာဝရ အပြုံးတွေဝေပါစေ ။ ။
"မြန်မာပြည်၏ လွတ်လပ်ရေးအောင်ပွဲ နှင့် ဗိုလ်ချုပ်အောင်ဆန်းသို့ အမှတ်တရ "
“လေပြည်ချမ်းချမ်း”
4 January 2012
Comments
Post a Comment