Skip to main content

" တစ်ဖက်သတ် "


" တစ်ဖက်သတ် "


မတော်တဆ တိုက်ဆိုင်တဲ့
အမှတ်တမဲ့တွေကို အသက်သွင်းရင်း …
နှလုံးသားရဲ့ လျှောက်လမ်းပေါ်မှာ
နာကျင်မှုတွေ တောက်လျှောက်စုလာတာ
ကျောပိုးထားတဲ့ … တစ်အိတ်စာပြည့် ..နေပြီ ။

တစ်ယောက်ချင်းစီဘက်က
ကိုယ်ပိုင်မှန်ကန်မှုတွေနဲ့ …
ဒီပုစ္ဆာကို အဖြေထုတ်တော့
ပိပိရိရိ လွဲချော်ခြင်းတွေ ..
အချိုးကျ ညီမျှလို့ … နေတယ်။

စက္ကူဖြူ တစ်ရွက်လို
ကိုယ့်အပေါ်လာရေးတဲ့
အဓိပ္ပါယ်တွေကို ဖတ်ကြည့်ရင်း
ပြုံးခဲ့ဖူး ၊ … ငိုခဲ့ဖူး …
ပျော်ခဲ့ဖူး ၊ ဆွေးခဲ့ဖူး …..
လွမ်းခဲ့ဖူး ….
မောပန်းခဲ့… ဖူးပါတယ်။

ရိုးသားမှုကို တဖွဖွရေရွတ်ပြီး
အမှန်တကယ်ချရေးဖြစ်တဲ့
ဟန်ဆောင်ခြင်းတရားတွေကို
ခဲဖျက်နဲ့ ပြန်ဖျက်မပစ်နိုင်သေးသရွေ့
လေပြင်းတစ်ချက်ဝှေ့တိုင်း
အစစ်အမှန် ငါတို့တွေ …
တိမ်လို လွင့်လွင့်သွားရဦးမှာ .. ပါပဲ ။

ဒီအတိုင်း … ဆို
အစိမ်းလိုက် ၀ါးစားနေရတဲ့
ရင်ခုန်သံတွေ အထာကျဖို့
အချစ်ဆိုတဲ့ မီးတစ်စ
မင်းနဲ့ ငါ့ကြား ..
တကယ်ရော … လိုအပ်လို့လား။

တစ်ဖက်သတ် သေချာခြင်းတွေထဲ
မသေချာခြင်းတွေ
ရာခိုင်နှုန်းတော်တော်များများ …
ခပ် … ထည့်ခဲ့ကြပြီးတဲ့နောက် …
နာကျင်ခြင်းတွေ ဆဲလ်ပွား .. လို့
အိပ်မက်သစ်ပင်ဖြစ်တည်တဲ့ … ဇုန်မှာ
ရုတ်တရက် မိုးခေါင်ရေရှားသွားတယ် ။

တစ်ခါတစ်လေ
အကောင်းဆုံးတွေ ဆိုတာ …
နောက်ကျပြီးမှ … ရောက်လာတတ်တာဆိုပဲ ။
ခုတော့ ….
ခံစားချက်တွေ ကြေမွကျိုးပျက်လို့
အိပ်မက်ကလေး လွတ်ကျသွား … ခဲ့ပြီ ။ ။


လေပြည်ချမ်းချမ်း[Barbie]
Jan 16, 2012
Monday, 15:21 pm

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´