
" မေတ္တာဖြင့် ... "
ပန်းတွေ ပွင့်ဝေမယ့် လမ်းတွေလား …
စမ်းတွေ ခမ်းစေမယ့် လမ်းတွေလား ..
မျှော်လင့်ချက်တွေ ထမ်းပိုးရင်းလျှောက်မှ
ပန်းတွေ ပွင့်ဝေမယ့် လမ်းတွေလား …
စမ်းတွေ ခမ်းစေမယ့် လမ်းတွေလား ..
မျှော်လင့်ချက်တွေ ထမ်းပိုးရင်းလျှောက်မှ
စိမ်းလန်းရမယ့် လမ်းတွေတဲ့လား … ။
အနိုင် ဆိုတဲ့ စိတ်ကျေနပ်မှုလား …
အရှုံး ဆိုတဲ့ သိမ်ငယ်တတ်မှုလား …
ညီမျှခြင်းမကျတဲ့ အချိုးတွေထဲ
စိတ်အားငယ်တတ်မှုတွေ …
သင်ယူတတ်မြောက်ခဲ့ပြီလား ။
အလျားအနံ မရှိမှုလား …
အသွားအပြန် မရှိမှုလား …
အပေးအယူဆန်တဲ့ လောကကြီးမှာ
မေတ္တာ ဆိုတာ … ပေးတိုင်းပြန်မရလည်း
မြေကြီးဆန်ဆန် အေးချမ်းတယ် ။
အမှားအမှန်ကို ငြင်းခုံရင်း
ကိုယ်ပိုင်ယုံကြည်ချက်ရဲ့အစွန်းတစ်ဖက်မှာ
တစ်ခါတစ်လေတော့ …
ကိုယ့်ခံယူချက်တွေနဲ့
ကိုယ့်ထောင်ချောက်မှာ ကိုယ် … ပိတ်မိတယ် ။
မာနရောင် တောက်ပတဲ့
အတ္တ ခပ်ပြင်းပြင်းခြယ်သပြီး …
အစိမ်းရောင် မျက်မှန်တစ်လက်နဲ့ …
ကျေးဇူးပြုပြီး … လှမ်းမကြည့်ပါနဲ့ ။
မေတ္တာတရားရဲ့
ပြိုင်ဘက်တွေအားလုံးဟာ
တစ်နေ့တော့ …
လောကဓံကြိုးဝိုင်းမှာ
ဒူးထောက်ဝပ်ဆင်းသွားကြရစမြဲ …။
ဒါပေမယ့် ..
နှလုံးသားလေးတွေတော့ …
အစစ်အမှန် ငြိမ်းချမ်းရေး
ရရှိသွားခဲ့ကြပါတယ် ။ ။
အနိုင် ဆိုတဲ့ စိတ်ကျေနပ်မှုလား …
အရှုံး ဆိုတဲ့ သိမ်ငယ်တတ်မှုလား …
ညီမျှခြင်းမကျတဲ့ အချိုးတွေထဲ
စိတ်အားငယ်တတ်မှုတွေ …
သင်ယူတတ်မြောက်ခဲ့ပြီလား ။
အလျားအနံ မရှိမှုလား …
အသွားအပြန် မရှိမှုလား …
အပေးအယူဆန်တဲ့ လောကကြီးမှာ
မေတ္တာ ဆိုတာ … ပေးတိုင်းပြန်မရလည်း
မြေကြီးဆန်ဆန် အေးချမ်းတယ် ။
အမှားအမှန်ကို ငြင်းခုံရင်း
ကိုယ်ပိုင်ယုံကြည်ချက်ရဲ့အစွန်းတစ်ဖက်မှာ
တစ်ခါတစ်လေတော့ …
ကိုယ့်ခံယူချက်တွေနဲ့
ကိုယ့်ထောင်ချောက်မှာ ကိုယ် … ပိတ်မိတယ် ။
မာနရောင် တောက်ပတဲ့
အတ္တ ခပ်ပြင်းပြင်းခြယ်သပြီး …
အစိမ်းရောင် မျက်မှန်တစ်လက်နဲ့ …
ကျေးဇူးပြုပြီး … လှမ်းမကြည့်ပါနဲ့ ။
မေတ္တာတရားရဲ့
ပြိုင်ဘက်တွေအားလုံးဟာ
တစ်နေ့တော့ …
လောကဓံကြိုးဝိုင်းမှာ
ဒူးထောက်ဝပ်ဆင်းသွားကြရစမြဲ …။
ဒါပေမယ့် ..
နှလုံးသားလေးတွေတော့ …
အစစ်အမှန် ငြိမ်းချမ်းရေး
ရရှိသွားခဲ့ကြပါတယ် ။ ။
“လေပြည်ချမ်းချမ်း”
April 8th, 2012
11:27 am !
Comments
Post a Comment