Skip to main content

" Modern Joker "

 
" Modern Joker "


ဒီပုစ္ဆာတစ်ပုဒ်ကို
ထပ်တလဲလဲတွက်ချက်အဖြေထုတ်ရင်း
ငါ့ရဲ့ အဖြေလွှာစာရွက်မှာ
အနီရောင်ကြက်ခြေခတ်တွေပဲ ..
ထပ်တိုးလာတယ် ။

ပေးထားချက်က …
“ အချစ် ” ဆိုရင်
ညီမျှခြင်းရဲ့ တစ်ဖက်မှာ
ရင်ခုန်သံ တွေကို …
ငါက .. ဖြည့်စွက်တယ် ။

ပေးထားချက်က …
“ အလွမ်း ” ဆိုရင်
ညီမျှခြင်းရဲ့ တစ်ဖက်မှာ
ခါးသီးတဲ့မျက်ရည်စက်တွေကို
ငါက .. ဖြည့်စွက်တယ် ။


ပေးထားချက်က …
“အပြုံး ” ဆိုရင်
ညီမျှခြင်းရဲ့ တစ်ဖက်မှာ
ကြည်နူးဆွတ်ပျံ့ခြင်းတွေကို
ငါက .. ဖြည့်စွက်တယ် ။


ပေးထားချက်က …
“ အမုန်း ”ဆိုရင်
ညီမျှခြင်းရဲ့ တစ်ဖက်မှာ
နားလည်မှု ပြတ်လပ်ခြင်း ကို
ငါက … ဖြည့်စွက်တယ် ။

ပေးထားချက် အရပဲ …
ငါလည်း တွက်ခဲ့တာပါ …၊
အဖြေမမှန်တာဟာ
စစ်သူနဲ့ရော …. ဆိုင်နေနိုင်သလား ။

ငါ့ဘက်ကသာ
မေးခွန်းထုတ်ခွင့်ရရင်
မင်းအဖြေလွှာဟာ
Credit ဖြစ်မှာသေချာပါတယ် ... ။

ပြောင်းလဲခြင်းတွေ
မရပ်တန့်နိုင်တဲ့
21 ဆိုတဲ့ ရာစုကိန်းဂဏန်းမှာ
R & B တွေ ပိုမြူးကြွလာသလို
K-Pop ကလည်း ပြုစားတယ် ။

ငါလည်း … အသည်းကွဲလို့
ဂျိုကာတစ်ကောင်
ဖြစ်သွားရင် … (သင် …)
သိပ် အံ့သြမသွားပါနဲ့ …။

ငိုနေတာထက်
ပြုံးနေတာက ပိုကောင်းသလို …
လွဲချော်ခြင်းတွေအတွက် …
အတိတ်မေ့ပစ်လိုက်တာ ..
အကောင်းဆုံးပါ ..ပဲ ။

ဒါပေမယ့် …
ဒီ ခေတ်သစ်ဂျိုကာဟာ
မိုးရေထဲ လမ်းလျှောက်ရတာကိုတော့ …
အင်မတန် နှစ်သက်ပါသတဲ့ …. ။ ။


“ လေပြည်ချမ်းချမ်း ”
April 10th, 2012 !
3:48 pm ; Tuesday !

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´