
"ခေတ်သစ်ရဲ့ နှစ်သစ် ရိုးရာသင်္ကြန် "
မရိုးနိုင်တဲ့ တီးလုံးတွေကို
တစ်နှစ်တစ်ခါ .. Upgrade လုပ်ပြီး
တန်ခူး က … တီးခတ်တယ် ။
မရိုးနိုင်တဲ့ တီးလုံးတွေကို
တစ်နှစ်တစ်ခါ .. Upgrade လုပ်ပြီး
တန်ခူး က … တီးခတ်တယ် ။
ခေတ်အဆက်ဆက်
ရာဇ၀င်သမိုင်းကြောင်းမှာ …
အလွမ်းဇာတ်လိုက်ကြီးဖြစ်တဲ့
ဖိုးဥသြရဲ့ အသံခလုတ်နဲ့ …
နွေဦးကန့်လန့်ကာကို …
အသာအယာ ဆွဲဖွင့်ပြီးနောက် … ၊
“ လက်ဆေးမိုး ” သာ
ရွာသွန်းဖြိုးခဲ့မယ်ဆို …
နုခက်သစ် အရွက်စိမ်းနဲ့ …
ရွှေသွေးခြယ် ပိတောက်တွေ ၊
လေပြည်မှာ ယိမ်းနွဲ့လို့ …
မြိုင်မြိုင်ဆိုင်ဆိုင် ကကြတော့မယ် ။
သင်္ကြန် … ရေ
( ရိုးရာမပျက်ပါပဲ …. )
တစ်ဆယ့်နှစ်လရာသီရဲ့ ပွဲမှာ …
မင်းက … အလှဘုရင်မအဖြစ်
ဗိုလ်စွဲထားတုန်းပဲ …လေ ။ ။
“ လေပြည်ချမ်းချမ်း ”
1:45pm ; Wednesday
April 4th; 2012 !
Comments
Post a Comment