*" အားဖြည့်ဆေး "*
ရာက်နေတဲ့ နေရာမှာ ...
မတ်မတ်ရပ်ဖို့ ..
လောကကြီးက ငါ့ကို ..
ရင့်ကျက်မှု လက်ဆောင်မပေးသေးဘူး ။
ရာက်နေတဲ့ နေရာမှာ ...
မတ်မတ်ရပ်ဖို့ ..
လောကကြီးက ငါ့ကို ..
ရင့်ကျက်မှု လက်ဆောင်မပေးသေးဘူး ။
ငါဟာ ငါပါ
နင်ဟာ နင်ပါ ..
သူဟာ သူပါပဲ ..
အဲလို နှောင်ကြိုးတွေ ..။
တဒင်္ဂလွှတ်ချခွင့်ရတဲ့ ..
တစ်ခဏ ..
လွတ်လပ်ပေါ့ပါးတဲ့ ..
တိမ်မျှင်တစ်စ .. (ငါ )
ဖြစ်သွားလေရဲ့ ။
တကယ်တော့ ..
တွေးကြည့် ..
လောကကြီးမှာ .. နေတတ်ဖို့ပဲ
အရေးကြီးတာပါ ..။
အတွေးတစ်စရဲ့ အလင်းဟာ ..
(ငါ့ကို ) .....
အဲလောက်ငြိမ်းချမ်းစေမှန်းသိရင်
အတွေးနဲ့ ပူလောင်ခဲ့တဲ့ရက်ရှည် ..
နွေကျောင်းပိတ်ရက်လို ..
လက်ပြနှုတ်ဆက်ဖို့ ..
ဆွေးမနေတော့ပါဘူး ..။
မျက်တောင်တစ်ချက်ပိတ်တိုင်း..
စက္ကန့်တံတွေ နာရီထဲကြွေကျတတ်လို့ ..
ခုတစ်မိနစ်ဟာ..
နောက်တစ်နာရီအတွက်
သမိုင်း ..ဖြစ်ခဲ့ပြီ ..။
မင်းသမိုင်း မင်းကိုယ်တိုင်ရေးဖို့
မင်းအတွေး မင်းနှလုံးသား ..
မင်းကိုယ်တိုင်အတွက်
မင်းပဲ ဖြစ်နေဖို့ ...လိုအပ်တယ် ။
20 December 2011
“ လေပြည်ချမ်းချမ်း ”
“ လေပြည်ချမ်းချမ်း ”
Comments
Post a Comment