Skip to main content

" မေ့ဆေး "

 
" မေ့ဆေး "


အချစ် ဟာ ...
ပုပ်အက်လွယ်တဲ့ သစ်သီးတစ်လုံး
ဖြစ်နေခဲ့မယ် ဆိုရင် …
တစ်ချိန်ချိန်မှာတော့
စွန့်ပစ်ထားခဲ့ရမှာပေါ့ … ။

ကမ္ဘာပေါ်မှာ
သစ်ပင်တွေ ရှိနေသေးသရွေ့၊
တစ်သက်တာလုံး မွှေးပျံ့သွားမယ့်
သစ်သီးတစ်လုံးကို …
ရွေးချယ် ဆွတ်ခူးဖို့ …
တတ်နိုင်ပါလိမ့်မယ် ။

ဘ၀ … ကို
ဘောင်ခတ်မထားမှ
ရှေ့ဆက်လျှောက်ဖို့
လမ်းကို … တွေ့ရမယ် ။

အတိတ် ဆိုတာ
ဒဏ်ရာဆိုတဲ့ အင်္ကျီတစ်ထည် ဖြစ်ခဲ့ရင်
ဘာကြောင့်များ အနာခံပြီး
ဆက်ဝတ်နေရဦးမလဲ … ။

အလွမ်းဆိုတာ …
တိမ်တွေလိုပဲ ဝေးလေ လွင့်လေ ၊
အနာဆိုတာလည်း ..
ပျောက်ကာနီးလေ ပိုခံရခက်လေ … ။

တစ်နေ့တော့
ဆဲလ်အသစ်နဲ့ အသားမာတက်သွားရင်
ဘ၀ဆိုတာမျိုးက …
သူ့အလိုလို ...
နေပျော်ကျေနပ်သွားလိမ့်မယ် ။

ထင်ကျန်ရစ်ခဲ့တဲ့
အမာရွတ် … တဲ့လား ။
ဒါတော့ … တစ်သက်စာ
အမှတ်တရ ပေါ့ ။

မရှည်လျားတဲ့
ဘ၀ရဲ့ အခိုက်အတန့်များမှာ …
ပြန်လှည့်ကြည့်ဖို့မလိုတော့တဲ့
ခြေရာတွေကို … ဒီအတိုင်းထားခဲ့ ၊
ပေါ့ပေါ့ပါးပါးပဲ ...
ဆက်လျှောက်သွားမယ် … ။ ။
 


“ လေပြည်ချမ်းချမ်း ”
June 15th, 2012
12:49 am : Friday !

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´