Skip to main content

“ အိုင်တီခေတ်ရဲ့ စွဲလမ်းမှုပြဿနာ ”


“ အိုင်တီခေတ်ရဲ့ စွဲလမ်းမှုပြဿနာ ”


တံခါးမဲ့ ဓါးမဲ့
အားလုံးအလည်လာလို့ရတဲ့
စကားလုံးဥယျာဉ်ရဲ့ ရင်ပြင်မှာ
နင်နဲ့ငါနဲ့
အလိုက်သင့်စီးဝင်မျော …
ဒါ ငါမက်မောတဲ့
ညနေခင်း ကော်ဖီတစ်ခွက် ။

ပန်းရောင်နှောင်တွယ်ခြင်းနဲ့
အစိမ်းရောင်တံတိုင်းကိုဖယ်
အဖြူရောင်ကို လက်လှမ်းပေမယ့်
နင်ခြွေချတဲ့
အပြာနုရောင် အသည်းစကားက
လွမ်းရမှာကြောက်တဲ့ ငါ့ရင်ကိုထိရှ ၊
ဒါ … ငါမမြင်ဖူးတဲ့
ခြေရာပျောက်ကဗျာရဲ့ ကာရံလှလှတစ်ပိုဒ် ။

စကားလုံးနဲ့တင် ရင်ခုန်ချင်တတ်တဲ့
ပန်းတစ်ပွင့်ရဲ့အထာဟာ
မာယာတွေမပါတာ ..(အပြင်မှာ)
မဆုံဖူးပေမယ့် … ယုံချင်ရင်
ယုံလိုက်နိုင်တဲ့ ဘာသာရပ် ။

အစကတည်းက ယုံချင်ချင်
ယုံကလေး (ယုန်ကလေး)ပါ ။

ယုံတမ်းစကားနဲ့
ထောင့်ငါးရာပုံပြင်
ချရေးပြသွားပြီးတော့မှ
ချိန်းတိုင်း … လွဲတတ်တာ
ဆုံချင်မှ … ပိုဝေးတာ
မျှော်လင့်မှ … ချိုးဖျက်ရက်တာ
အဲဒါ ချက်တင် (Chatting )ထဲက
ဖြေရှင်းမရတဲ့ … စွဲလမ်းမှုပြဿနာ ။

“လွယ်ပါတယ်ကွာ” ဆိုတဲ့ ဘာသာစကားကို
တွင်တွင်ကြီး ထောက်ခံပြနေတဲ့
ပေါင်းကူးတံတား google ကတော့
တစ်နေရာရာမှာ
လက်ပိုက်ပြီး … ပြုံးလို့ ။

တစ်နာရီ (xxxxxxxxx ) ကျပ်
ကိုယ့်ပိုက်ဆံနဲ့ကိုယ်
အသည်းကွဲစရာကို ရှာဖွေလိုရင်
မင်းမျက်လုံးနဲ့ တစ်ချက်ဝေ့ကြည့်လိုက်ရုံပဲ …

Welcome to Net Shop !
Welcome to Google Talk !
Welcome to Tear Drops !
 
 
 
 
 
 
“ လေပြည်ချမ်းချမ်း ”
 22 December 2011

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´