
“ ကြယ်ကလေးရဲ့ FM ”
ဆည်းလည်းသံလေးလို
ပင်လယ်ရဲ့ဂီတသံ … မှာ
ဒီတစ်ညတော့ ..
ဆည်းလည်းသံလေးလို
ပင်လယ်ရဲ့ဂီတသံ … မှာ
ဒီတစ်ညတော့ ..
ကြယ်တွေတောင် …မျက်တောင်ခတ်ဖို့မေ့သွားလေရဲ့ ။
ပန်းချီကားတစ်ချပ်ရဲ့ ဆေးရောင်တွေလို
ကဗျာတစ်ပုဒ်ရဲ့ ခဲရာခဲဆစ်ကာရံတွေလို
ဝေ့ဝေ့၀ိုက်ဝိုက် ရစ်ခွေသွားတဲ့
မြစ်တစ်စင်းရဲ့ သံစဉ်အဘိဓာန်မှာ …
ကြယ်တွေ ဘယ်လောက်များများ
ခိုဝင်နားခဲ့ဖူး …. လဲ ။
အမြဲစီးဆင်း … မြစ်တစ်စင်းရဲ့
ပင်လယ်အဖြစ် ပြောင်းလဲတည်တံ့ခြင်းမှာ
လှုပ်ခတ်စီးကျလာတဲ့ သံစဉ်လေးတွေ …၊
(ဒါတွေကို …)
နှလုံးသားနဲ့ ဖမ်းယူနားဆင်ဖို့
ဘယ် FM မှာများ လွှတ်တင်ထားပြီ လဲ ။
ဖြစ်နိုင်မယ်ဆို ….
FM တစ်ခုတည်းကပဲ မူပိုင်ခွင့်ရချင်တယ် …
(… ပင်လယ်ရဲ့…)
ခမ်းနားချိုလွင်တဲ့ သံစဉ်တွေနဲ့
နေ့သစ်တိုင်းအတွက်
သာယာချိုမြိန်တဲ့ ဆေးရောင်ခြယ်ခွင့်ရချင်လို့ … ။ ။
ပန်းချီကားတစ်ချပ်ရဲ့ ဆေးရောင်တွေလို
ကဗျာတစ်ပုဒ်ရဲ့ ခဲရာခဲဆစ်ကာရံတွေလို
ဝေ့ဝေ့၀ိုက်ဝိုက် ရစ်ခွေသွားတဲ့
မြစ်တစ်စင်းရဲ့ သံစဉ်အဘိဓာန်မှာ …
ကြယ်တွေ ဘယ်လောက်များများ
ခိုဝင်နားခဲ့ဖူး …. လဲ ။
အမြဲစီးဆင်း … မြစ်တစ်စင်းရဲ့
ပင်လယ်အဖြစ် ပြောင်းလဲတည်တံ့ခြင်းမှာ
လှုပ်ခတ်စီးကျလာတဲ့ သံစဉ်လေးတွေ …၊
(ဒါတွေကို …)
နှလုံးသားနဲ့ ဖမ်းယူနားဆင်ဖို့
ဘယ် FM မှာများ လွှတ်တင်ထားပြီ လဲ ။
ဖြစ်နိုင်မယ်ဆို ….
FM တစ်ခုတည်းကပဲ မူပိုင်ခွင့်ရချင်တယ် …
(… ပင်လယ်ရဲ့…)
ခမ်းနားချိုလွင်တဲ့ သံစဉ်တွေနဲ့
နေ့သစ်တိုင်းအတွက်
သာယာချိုမြိန်တဲ့ ဆေးရောင်ခြယ်ခွင့်ရချင်လို့ … ။ ။
“ လေပြည်ချမ်းချမ်း ”
Feb 20th, 15:40 pm
Monday !!!
Comments
Post a Comment