
"* ကာရံ မညီတဲ့ဆောင်း "*
ခံစားချက်တွေကို
ဓါးစာခံလုပ်ပြီး ..
ခံစားချက်တွေကို
ဓါးစာခံလုပ်ပြီး ..
ကိုယ့်ရင်ဘတ်ကိုယ်
မီးတင်ရှို့ဖြစ်ခဲ့တဲ့ …
သစ်ရွက်ကြွေ .. ဆောင်းဦးညချမ်းတွေပါ ။
အခု… တော့
အရိုးရင့် ဒီဇင်ဘာ ။
(ညတွေ)
အအေးဓါတ် ဘယ်လောက် သိပ်သည်းသည်း
အလွမ်းတွေ …
အလျှံတငြီးငြီးတောက် … လို့ ။
ငါ့နှလုံးသားလေး …
မီးခိုးငွေ့တွေ ရှုရှိုက်နေရတုန်းပဲ ။
မွန်းကြပ်နေတဲ့ .. မျှော်လင့်ချက်ကို
ကောက်ရိုးတစ်မျှင်လို ..
မက်မက်မောမော
ဖမ်းဆုပ်ထားမိ … ဆဲ ။
မင်း … ငါ့ကို ဘယ်တော့မှ
အောက်ဆီဂျင် ပေး ... မှာလဲ ။ ။
မီးတင်ရှို့ဖြစ်ခဲ့တဲ့ …
သစ်ရွက်ကြွေ .. ဆောင်းဦးညချမ်းတွေပါ ။
အခု… တော့
အရိုးရင့် ဒီဇင်ဘာ ။
(ညတွေ)
အအေးဓါတ် ဘယ်လောက် သိပ်သည်းသည်း
အလွမ်းတွေ …
အလျှံတငြီးငြီးတောက် … လို့ ။
ငါ့နှလုံးသားလေး …
မီးခိုးငွေ့တွေ ရှုရှိုက်နေရတုန်းပဲ ။
မွန်းကြပ်နေတဲ့ .. မျှော်လင့်ချက်ကို
ကောက်ရိုးတစ်မျှင်လို ..
မက်မက်မောမော
ဖမ်းဆုပ်ထားမိ … ဆဲ ။
မင်း … ငါ့ကို ဘယ်တော့မှ
အောက်ဆီဂျင် ပေး ... မှာလဲ ။ ။
20 December 2011
“ လေပြည်ချမ်းချမ်း ”
“ လေပြည်ချမ်းချမ်း ”
Comments
Post a Comment