
“ Valentine’s Day ”
ရင်ခုန်ခြင်းနဲ့ စီးဆင်းတဲ့
မြစ်တစ်စင်းရဲ့ … ပွဲတော် ။
ရင်ခုန်ခြင်းနဲ့ စီးဆင်းတဲ့
မြစ်တစ်စင်းရဲ့ … ပွဲတော် ။
လူပုဂ္ဂိုလ်နှစ်ဦးကြား
မှားခေါ်မိတဲ့ Ph.No မဟုတ်ဘဲ
သေချာချိန်းဆိုထားတဲ့ …
သာယာချိုလွင်တဲ့ Ring Tone တစ်ခု ဖြစ်တယ် ။
စွယ်တော်ရွက်တွေ ဖုံးလွှမ်းနေတဲ့
ကမ္ဘာမြေရဲ့ အသစ်အဆန်းနေ့တစ်နေ့မှာ
Newton အသစ်တစ်ယောက်ကို …
မမျှော် နဲ့ … ။
ဒီကမ္ဘာပေါ်က …
အနီရောင်ပန်းသီး မှန်သမျှ
ဒီနေ့မှာပဲ … ကြွေကျသွားခဲ့ပြီ ။
ပန်းနုရောင် နှင်းဆီတစ်ခက်၊
အညိုရင့်ရောင် ချောကလက်နဲ့
အမှတ်တရ ကတ်ဒ်လေးတစ်ကတ်ဒ်ဟာ
နှလုံးသားတံခါး တစ်ချပ်ရဲ့
Password လည်း ဖြစ်သွားနိုင်ရဲ့ … ။
ကြည်နူးခြင်းလှိုင်းကြက်ခွပ်တွေနဲ့
ပျားရည်မြစ်တစ်စင်းရဲ့ ကမ်းစပ်မှာ
ဒီနေ့ .. လူအစည်ကားဆုံးပါပဲ ။
သတိ
ပျားရည်မြစ်ကမ်းတစ်လျှောက်
တစ်ယောက်တည်း လမ်းမလျှောက်ရ … ။
“လေပြည်ချမ်းချမ်း”
[ Be Happy All my friends at Feb 14th of Valentine’s Day ,2012 :)* ]
မှားခေါ်မိတဲ့ Ph.No မဟုတ်ဘဲ
သေချာချိန်းဆိုထားတဲ့ …
သာယာချိုလွင်တဲ့ Ring Tone တစ်ခု ဖြစ်တယ် ။
စွယ်တော်ရွက်တွေ ဖုံးလွှမ်းနေတဲ့
ကမ္ဘာမြေရဲ့ အသစ်အဆန်းနေ့တစ်နေ့မှာ
Newton အသစ်တစ်ယောက်ကို …
မမျှော် နဲ့ … ။
ဒီကမ္ဘာပေါ်က …
အနီရောင်ပန်းသီး မှန်သမျှ
ဒီနေ့မှာပဲ … ကြွေကျသွားခဲ့ပြီ ။
ပန်းနုရောင် နှင်းဆီတစ်ခက်၊
အညိုရင့်ရောင် ချောကလက်နဲ့
အမှတ်တရ ကတ်ဒ်လေးတစ်ကတ်ဒ်ဟာ
နှလုံးသားတံခါး တစ်ချပ်ရဲ့
Password လည်း ဖြစ်သွားနိုင်ရဲ့ … ။
ကြည်နူးခြင်းလှိုင်းကြက်ခွပ်တွေနဲ့
ပျားရည်မြစ်တစ်စင်းရဲ့ ကမ်းစပ်မှာ
ဒီနေ့ .. လူအစည်ကားဆုံးပါပဲ ။
သတိ
ပျားရည်မြစ်ကမ်းတစ်လျှောက်
တစ်ယောက်တည်း လမ်းမလျှောက်ရ … ။
“လေပြည်ချမ်းချမ်း”
[ Be Happy All my friends at Feb 14th of Valentine’s Day ,2012 :)* ]
Comments
Post a Comment