
"တင်းနစ်ကစားပွဲ "
[Life in Tennis Match ]
[Life in Tennis Match ]
ယှဉ်ပြိုင်မှုတိုင်းဟာ
ရှုံးထွက်ပွဲစဉ်ချည်းပဲ … ။
နှစ်ခါပြန်မရတဲ့ အခွင့်အရေးအတွက်
အမှားပြင်ဆင်ချက် မလိုအပ်ဘူး ။
Unforced Error ဆိုတာ
ကိုယ့်ကိုကိုယ် ပြန်သတ်တဲ့လက်နက်။
ကိုယ့်အားနည်းချက်ဆိုတာ
သူတစ်ပါးအတွက် နိုင်ကွက် …။
သူတစ်ပါးရဲ့ Twist အတွက်
ကိုယ့်မှာ …
Return ခပ်ကောင်းကောင်းတော့
ရှိဖို့ လိုအပ်တယ်။
မျက်လှည့်ပြကွက်တစ်ခုလို
ဗေဒင်ယတြာတစ်ခုလို ၊
ထင်ကြေးနဲ့ပုံဖေါ်တဲ့
အမှန်တရားတစ်ခု .. မဟုတ်ခဲ့ ။
မနိုင်ရင် ရှုံးမယ် ၊
မရှုံးရင် နိုင်မယ် …
ရိုးစင်းလှတဲ့အမှန်တရားအတွက်
သရေရလဒ် မရှိတဲ့ ပြကွက်တစ်ခုသာဖြစ်တယ်။
အမှားတွေ အခါခါထပ်၊
Deuce တွေ အခါခါတက်ပြီး၊
ဒီလိုနဲ့ …
ပွဲစဉ် အဆုံးသတ်ဟာ တဖြည်းဖြည်းချင်း… နီးကပ်၊
ဘယ်သူကများ
သက်လုံ ပိုကောင်းခဲ့လိမ့်မလဲ …
အဆုံးအဖြတ်ရလဒ်ဟာ
အဲဒီမှာ ကျောချင်းကပ် .. ရပ်လို့ ။
ပြုတ်ကျခဲ့မှာလား …၊
ဆက်တက်လှမ်းခွင့်ရမလား ၊
ဘာပဲဖြစ်ဖြစ်
ရင်ဆိုင်ရဲတတ်ခဲ့ပြီလား ။
အနိုင်ဆီဖောက်မယ့်လမ်း
အရှုံးတွေနဲ့ …
ခင်းထားတတ်တာ ..
ဆန်းမှမဆန်းဘဲလေ ။
အချိန်တိုင်းအတွက်
(ငါတို့ ..)
ဆက်လျှောက်နေဖို့ပဲ
လို…. အပ်… ပါ …တယ် ။
ရှုံးထွက်ပွဲစဉ်ချည်းပဲ … ။
နှစ်ခါပြန်မရတဲ့ အခွင့်အရေးအတွက်
အမှားပြင်ဆင်ချက် မလိုအပ်ဘူး ။
Unforced Error ဆိုတာ
ကိုယ့်ကိုကိုယ် ပြန်သတ်တဲ့လက်နက်။
ကိုယ့်အားနည်းချက်ဆိုတာ
သူတစ်ပါးအတွက် နိုင်ကွက် …။
သူတစ်ပါးရဲ့ Twist အတွက်
ကိုယ့်မှာ …
Return ခပ်ကောင်းကောင်းတော့
ရှိဖို့ လိုအပ်တယ်။
မျက်လှည့်ပြကွက်တစ်ခုလို
ဗေဒင်ယတြာတစ်ခုလို ၊
ထင်ကြေးနဲ့ပုံဖေါ်တဲ့
အမှန်တရားတစ်ခု .. မဟုတ်ခဲ့ ။
မနိုင်ရင် ရှုံးမယ် ၊
မရှုံးရင် နိုင်မယ် …
ရိုးစင်းလှတဲ့အမှန်တရားအတွက်
သရေရလဒ် မရှိတဲ့ ပြကွက်တစ်ခုသာဖြစ်တယ်။
အမှားတွေ အခါခါထပ်၊
Deuce တွေ အခါခါတက်ပြီး၊
ဒီလိုနဲ့ …
ပွဲစဉ် အဆုံးသတ်ဟာ တဖြည်းဖြည်းချင်း… နီးကပ်၊
ဘယ်သူကများ
သက်လုံ ပိုကောင်းခဲ့လိမ့်မလဲ …
အဆုံးအဖြတ်ရလဒ်ဟာ
အဲဒီမှာ ကျောချင်းကပ် .. ရပ်လို့ ။
ပြုတ်ကျခဲ့မှာလား …၊
ဆက်တက်လှမ်းခွင့်ရမလား ၊
ဘာပဲဖြစ်ဖြစ်
ရင်ဆိုင်ရဲတတ်ခဲ့ပြီလား ။
အနိုင်ဆီဖောက်မယ့်လမ်း
အရှုံးတွေနဲ့ …
ခင်းထားတတ်တာ ..
ဆန်းမှမဆန်းဘဲလေ ။
အချိန်တိုင်းအတွက်
(ငါတို့ ..)
ဆက်လျှောက်နေဖို့ပဲ
လို…. အပ်… ပါ …တယ် ။
“လေပြည်ချမ်းချမ်း”
3rd March ; 2012 !
00:06 am, Saturday !
Comments
Post a Comment