" ထီးကလေးမိုးထားတဲ့ ငယ်ဘ၀ရဲ့ကျောင်း ''
လေထုထဲက မိုးတိမ်တွေ
မိုးရေစက် အဖြစ်
ကမ္ဘာမြေကြီးပေါ်
အားကိုးတကြီး ပြိုဆင်းကျနေတဲ့
တစ်နေ့ .... မှာ
အဲဒီ ထီးကလေးအောက် ..
ငါတို့ တူတူ ရောက်ခဲ့တာပေါ့ ။
လေထုထဲက မိုးတိမ်တွေ
မိုးရေစက် အဖြစ်
ကမ္ဘာမြေကြီးပေါ်
အားကိုးတကြီး ပြိုဆင်းကျနေတဲ့
တစ်နေ့ .... မှာ
အဲဒီ ထီးကလေးအောက် ..
ငါတို့ တူတူ ရောက်ခဲ့တာပေါ့ ။
မိုးသည်းလမ်းမှာ ...
စိန်ပန်းနီနီတွေ လွင့်ကြွေတဲ့ အခိုက်အတန့်ရယ်
နှင်းငွေ့ခြုံထားတဲ့ ... အဖြူရောင်ဆောင်း ရယ်
ပွင့်လင်းချိုမြတဲ့ ... ရွှေအိုရောင်နွေရက်တွေရယ်
( အားလုံးသော) ဖြစ်တည်မှုတိုင်းမှာ ..
သူ့ရဲ့ ကရုဏာ ဖြည့်စွက်လို့ ..
တစ်သားတည်းတူတူ လျှောက်လှမ်းဖို့ ..
သူ့ကိုယ်သူ တင်းတင်းဖြန့်ကျက်ပြီး ..
လမ်းပြ ခေါ်ဆောင်သွားတတ်လေရဲ့ ... ။
အယှဉ် အပြိုင်ကို
သင်ပေးတတ်ပြီး ..
အနိုင် အရှုံးကို
လက်ခံစေတတ်တဲ့ ..၊
အမှား ဆိုတာတိုင်းကို
ခွင့်လွှတ်ပေးနိုင်ပြီး ...
အပြစ် ဆိုတာတိုင်းကို
သင်ပုန်းချေပေးတတ် ... တဲ့
အဲဒီအရိပ် ... မှာ
ခဲဖျက်တစ်တုံး ပါဝင်တဲ့
လွယ်အိတ်တစ်လုံး ... ဟာ
ငါတို့ရဲ့ .. ငယ်ဘ၀ အထိမ်းအမှတ်တစ်ခု
ဖြစ်တယ် ။
ဆယ်စုနှစ်တစ်ခု စွန်းစွန်းမှာ ..
သူလည်း အိုမင်းလို့ ....၊
သူ့ရင်ခွင်ရိပ် ကနေ
တံတားတစ်ခု တည်ဆောက်ပြီးတဲ့အခါ ..
လမ်းဖြောင့်ဖြောင့်လျှောက်ဖို့ ...
တခုတ်တရ မှာဖို့လည်း
သူ ... မမေ့ခဲ့ပါဘူး ။
တရွေ့ရွေ့ လျှောက်လှမ်းသွားတဲ့
ခြေလှမ်းတွေနဲ့ ... ထပ်တူ
တိုက်ရိုက်အချိုးကျနေတဲ့ ...
အချိန်တွေ ရွေ့လျားကုန်လွန်ခြင်းမှာ ..
အရိပ်သစ် ခိုလှုံသွားတဲ့
နှလုံးသားတွေ ...
သူ့ကို မေ့လျော့ဖို့ ...
လုံလောက်ခဲ့ပြီ ... လား ။
သူကတော့ ...
အခိုးအငွေ့ မဟုတ်တဲ့တိမ်တွေ
ကမ္ဘာမြေပေါ် ငိုချတိုင်းမှာ ...
သူ့အရိပ်အောက် ...
နှလုံးသားနုနုတွေ
အစဉ်အလာမပျက် သွတ်သွင်းရင်း
အရိပ် ဖြစ်ရခြင်း မှာ
ဘယ်တော့မှ ...
မတင်းတိမ်နိုင်သေးဘူးတဲ့ ... လေ ။
စိန်ပန်းနီနီတွေ လွင့်ကြွေတဲ့ အခိုက်အတန့်ရယ်
နှင်းငွေ့ခြုံထားတဲ့ ... အဖြူရောင်ဆောင်း ရယ်
ပွင့်လင်းချိုမြတဲ့ ... ရွှေအိုရောင်နွေရက်တွေရယ်
( အားလုံးသော) ဖြစ်တည်မှုတိုင်းမှာ ..
သူ့ရဲ့ ကရုဏာ ဖြည့်စွက်လို့ ..
တစ်သားတည်းတူတူ လျှောက်လှမ်းဖို့ ..
သူ့ကိုယ်သူ တင်းတင်းဖြန့်ကျက်ပြီး ..
လမ်းပြ ခေါ်ဆောင်သွားတတ်လေရဲ့ ... ။
အယှဉ် အပြိုင်ကို
သင်ပေးတတ်ပြီး ..
အနိုင် အရှုံးကို
လက်ခံစေတတ်တဲ့ ..၊
အမှား ဆိုတာတိုင်းကို
ခွင့်လွှတ်ပေးနိုင်ပြီး ...
အပြစ် ဆိုတာတိုင်းကို
သင်ပုန်းချေပေးတတ် ... တဲ့
အဲဒီအရိပ် ... မှာ
ခဲဖျက်တစ်တုံး ပါဝင်တဲ့
လွယ်အိတ်တစ်လုံး ... ဟာ
ငါတို့ရဲ့ .. ငယ်ဘ၀ အထိမ်းအမှတ်တစ်ခု
ဖြစ်တယ် ။
ဆယ်စုနှစ်တစ်ခု စွန်းစွန်းမှာ ..
သူလည်း အိုမင်းလို့ ....၊
သူ့ရင်ခွင်ရိပ် ကနေ
တံတားတစ်ခု တည်ဆောက်ပြီးတဲ့အခါ ..
လမ်းဖြောင့်ဖြောင့်လျှောက်ဖို့ ...
တခုတ်တရ မှာဖို့လည်း
သူ ... မမေ့ခဲ့ပါဘူး ။
တရွေ့ရွေ့ လျှောက်လှမ်းသွားတဲ့
ခြေလှမ်းတွေနဲ့ ... ထပ်တူ
တိုက်ရိုက်အချိုးကျနေတဲ့ ...
အချိန်တွေ ရွေ့လျားကုန်လွန်ခြင်းမှာ ..
အရိပ်သစ် ခိုလှုံသွားတဲ့
နှလုံးသားတွေ ...
သူ့ကို မေ့လျော့ဖို့ ...
လုံလောက်ခဲ့ပြီ ... လား ။
သူကတော့ ...
အခိုးအငွေ့ မဟုတ်တဲ့တိမ်တွေ
ကမ္ဘာမြေပေါ် ငိုချတိုင်းမှာ ...
သူ့အရိပ်အောက် ...
နှလုံးသားနုနုတွေ
အစဉ်အလာမပျက် သွတ်သွင်းရင်း
အရိပ် ဖြစ်ရခြင်း မှာ
ဘယ်တော့မှ ...
မတင်းတိမ်နိုင်သေးဘူးတဲ့ ... လေ ။
“လေပြည်ချမ်းချမ်း”
28 December 2011
Comments
Post a Comment