* "ပါးပါးလေးပါ "*
ရှုံးနေတယ် ဆိုတာ ..
အနိုင်မယူချင်လို့..
တုံးနေတယ် ဆိုတာ ..
အရှုံးပေးဖို့ အတွက် လိုအပ်လို့ ..
ရှုံးနေတယ် ဆိုတာ ..
အနိုင်မယူချင်လို့..
တုံးနေတယ် ဆိုတာ ..
အရှုံးပေးဖို့ အတွက် လိုအပ်လို့ ..
ပြုံးနေတယ် ဆိုတာ ..
မငိုချင်တော့လို့ …
အဆုံးသတ်တယ် ဆိုတာ..
ပြန်မဆုံကြတော့ဖို့ပါ ။
ပင်လယ်ပြင်လှိုင်းလေထဲ ..
ကိုယ်ယုံကြည်ရာ ရွက်နဲ့
အားကြိုးမာန်တက်
လှော်ခတ်နေတာချင်းတူတူ
အထက်စီးနင်းမျက်လုံး နဲ့ …
တစ်ဖက်စောင်းနင်း ထင်မြင်ချက်တွေ ..
မုန်းတယ် …။
ပုံသေနည်း ထုတ်ရရင် ..
ကိုယ့်ဘ၀စာမျက်နှာတစ်ရွက်မှာ
ဘယ်သူမဆို ကိုယ်ပဲ ဇာတ်လိုက်
ကိုယ့်အရပ်နဲ့..
ကိုယ့်ဇာတ်ကိုက်နေသရွေ့
အဲနေရာလေး မြဲနေဦးမယ် ။
“ခွင့်လွှတ်တယ်.. ဆိုတာ
အားနာလို့ ကိုယ့်လျှာကိုယ်
သော့ခတ်သိမ်းထားရတဲ့ ကိစ္စတွေပါ ” တဲ့ ။
"စိတ်ကုန်တယ်" ဆိုတာကတော့
ဖြေဆေးမရှိတဲ့ အဆိပ်တစ်မျိုး ။
ကဲ …
အတ္တကင်းမဲ့တဲ့ဇုန်မှာ
ဖြေဆေးတစ်ခုရှာတွေ့ဖို့ ..
ကမ္ဘာကြီးတစ်ပတ်လည်တဲ့ထိ
စောင့်လိုက်ကြဦးစို့ ။ ။
မငိုချင်တော့လို့ …
အဆုံးသတ်တယ် ဆိုတာ..
ပြန်မဆုံကြတော့ဖို့ပါ ။
ပင်လယ်ပြင်လှိုင်းလေထဲ ..
ကိုယ်ယုံကြည်ရာ ရွက်နဲ့
အားကြိုးမာန်တက်
လှော်ခတ်နေတာချင်းတူတူ
အထက်စီးနင်းမျက်လုံး နဲ့ …
တစ်ဖက်စောင်းနင်း ထင်မြင်ချက်တွေ ..
မုန်းတယ် …။
ပုံသေနည်း ထုတ်ရရင် ..
ကိုယ့်ဘ၀စာမျက်နှာတစ်ရွက်မှာ
ဘယ်သူမဆို ကိုယ်ပဲ ဇာတ်လိုက်
ကိုယ့်အရပ်နဲ့..
ကိုယ့်ဇာတ်ကိုက်နေသရွေ့
အဲနေရာလေး မြဲနေဦးမယ် ။
“ခွင့်လွှတ်တယ်.. ဆိုတာ
အားနာလို့ ကိုယ့်လျှာကိုယ်
သော့ခတ်သိမ်းထားရတဲ့ ကိစ္စတွေပါ ” တဲ့ ။
"စိတ်ကုန်တယ်" ဆိုတာကတော့
ဖြေဆေးမရှိတဲ့ အဆိပ်တစ်မျိုး ။
ကဲ …
အတ္တကင်းမဲ့တဲ့ဇုန်မှာ
ဖြေဆေးတစ်ခုရှာတွေ့ဖို့ ..
ကမ္ဘာကြီးတစ်ပတ်လည်တဲ့ထိ
စောင့်လိုက်ကြဦးစို့ ။ ။
20 December 2011
“ လေပြည်ချမ်းချမ်း ”
“ လေပြည်ချမ်းချမ်း ”
Comments
Post a Comment